ပဲခူးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲ အခမ်းအနားကျင်းပ



MNP - ဇွန်   ၁၁


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် (၈:၃၀) နာရီတွင် တောင်ငူလမ်းမကြီးနှင့် ဆေးရုံလမ်းဒေါင့်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ Bill Board စိုက်ထူပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနာဆိုင်ရာ တာဝန်ရှိသူများ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။


သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရခြင်းမှ ဖြစ်ပွားသောကြောင့် ခြင်များပေါက်ပွားမှု မရှိနိုင်ရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေး ဖြစ်သည့် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်၌လည်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board များအား တစ်ချိန်တည်း တစ်ပြိုင်နက်တည်း စိုက်ထူခဲ့ကြကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)