ပေါက်တောမြို့နယ် ရီပဒေကျေးရွာ၌ လူတစ်ဦးမိုးကြိုးထိမှန်၍ သေဆုံးသွားသည့်မိသားစုဝင်များနှင့် လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အဦတို့အတွက် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် ရီပဒေကျေးရွာ၌ လူတစ်ဦးမိုးကြိုးထိမှန်၍ သေဆုံးသွားသည့်မိသားစုဝင်များနှင့် လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အဦတို့အတွက် ထောက်ပံ့ငွေများပေးအပ်


MNP ၊  ဇွန် ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် မြင့်ဂါ‌ ကျေးရွာအုပ်စု၊ ရီပဒေကျေးရွာအနီးတွင် ဇွန်လ (၁၃)ရက်နေ့ နံနက် ၈ နာရီခန့်က မိုးကြိုးထိမှန်၍ လူတစ်ဦးသေဆုံးသွားသည့် မိသားစုများနှင့် မေလ (၂၁)ရက် နေ့ ရုတ်တရက်လေပြင်းတိုက်၍ နေအိမ်တစ်ပိုင်းတစ်စ ပျက်စီးဆုံးရှုံးသွားသည့် ချောင်းစောက်ကျေးရွာမှ ဒေါ်အေးနုချေမိသားစုတို့အား‌ ထောက်ပံ့ငွေပေးအပ်ခြင်းကို ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် (၁၀)နာရီ (၃၀)မိနစ်ကပြုလုပ်သည်။

ယင်းထောက်ပံ့ပေးငွေများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ ထောက်ပံ့ငွေများအား ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ဇင်သန်းတို့မှ မိုးကြိုးထိမှန်၍သေဆုံးသွားသည့်မိသားစုဝင်များအား ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဒေါ်အေးနုချေမိသားစုအား ထောက်ပံ့ငွေ (၂၂၁၀၀/-)ကျပ်တို့ကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးခဲ့ကြကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)