ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ



MNP ၊ ဇွန် ၅

၂၀၂၂ခုနှစ် ၊ဇွန်လ ၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဟိုဌာန( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြသည်။

အခမ်းအနားတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးချစ်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ကမ္ဘာ့ကုလသမဂ္ဂ၏  အရေးပါသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံမှာလည်းပဲ  နှစ်စဉ်ကျင်းပခြင်း ဖြစ်ပြီး ဆွီဒင်နိုင်ငံ စတော့ဟုန်းမြို့တွင် ကမ္ဘာ့ပထမဆုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးညီလာခံအဖြစ် လူသားပတ်ဝန်းကျင်ညီလာခံကို ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်မှ ၁၆ရက်နေ့အထိ ကျင်းပခဲ့သည်။အဆိုပါညီလာခံကျင်းပသည့် ဇွန်လ ၅ ရက်နေ့ကိုကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ( World Environment Day) သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့်  “Only One Earth” တစ်ခုတည်းသောကမ္ဘာမြေ ဟုဆိုသည့်အတိုင်း ကမ္ဘာပေါ်ရှိလူသားများ အပါအဝင်သက်ရှိသတ္တဝါအားလုံးနှင့် အနာဂတ်မျိုးဆက် သစ်များ  ကျန်းမာပျော်ရွှင်စွာရှင်သန်နိုင်ရေးအတွက် သာယာလှပသော ၊သန့်ရှင်းသော ၊ ကောင်းမွန်သော  အဖိုးထိုက်တန်သော ကမ္ဘာမြေကြီးကို သဘာဝနှင့်ဟန်ချက်ညီစွာ နေထိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းပါကြောင်းပြောကြားခဲ့သည်။ 

ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှပေးပို့သော ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ သဝဏ်လွှာ Video Meassge အားပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)