ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး



MNP - ဇွန်   ၁၈


ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊‌ ဒေသကွပ်ကဲရေးမှူး (ပြည်)နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ယနေ့ နံနက်ပိုင်းက ပြည်မြို့ နဝဒေးရပ်ကွက်၊ ရွှေပေါက်ပင်ဘုန်းတော်ကြီးကျောင်းအနီး နဝဒေးလမ်းဘေးဝဲယာ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ မြို့သန့်ရှင်းသာယာ လှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်မြို့အား အမှိုက်ကင်းစင်ပြီး မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်း သာယာလှပရေးအတွက် ယခုနှစ် ဧပြီလနောက်ဆုံးပတ်က စတင်ကာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်း များနှင့် ပြည်သူ့ဆေးရုံကြီး အပါအဝင် မြို့တွင်း/မြို့ပြင် နေရာအသီးသီး၌  ရေနုတ် မြောင်းများ တူးဖော်ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များ၊ ချုံနွယ်ပိတ်ပေါင်းများ၊ ပေါင်းမြက်များနှင့် အန္တရာယ်ဖြစ်‌စေနိုင်သည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း၍ မြို့နယ်စည်ပင် သာယာ‌ရေးအဖွဲ့ အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျ အမှိုက် စွန့်ပစ်ခြင်းတို့ကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)