ကော့သောင်းမြို့တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

 


MNP - ဇွန်   ၉


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလှက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူ(၁၈၀)ဦးအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။


ကာကွယ်ဆေးထိုးနှံရာတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၂)နှစ်အောက် ကျောင်းသား /သူကလေးငယ်များအား ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ အခြေခံပညာကျောင်းများအား သတ်မှတ်ရက်များ အလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)