ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ရက်တွင် ကျောင်းသား၊ကျောင်သူ များပျော်ရွှင်စွာကျောင်းတက်ရောက်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ရက်တွင် ကျောင်းသား၊ကျောင်သူ များပျော်ရွှင်စွာကျောင်းတက်ရောက်လျှက်ရှိ




MNP ၊ ဇွန် ၂

ယနေ့ ဇွန် ၂ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ဖွင့်လှစ်ခဲ့ရာ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွားလာရောက်ပညာသင်ယူလျှက်ရှိကြောင်းသိရသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး  ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆရာ၊ ဆရာမများက ကျောင်းသား၊ကျောင်းသူများအား mask များစနစ်တကျ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လက်ဆေးဘေဇင်များ၊ လက်သန့်ဆေးရည် များကို စာသင်ဆောင်အလိုက် ထားရှိပေးထား ကြောင်းသိရသည်။

 ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဘီးလင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း ၁၆၃ ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းသား၊ကျောင်းသူများ အေချမ်းစွာ ပညာသင်ကြား နိုင်ရေးအတွက် ဘီးလင်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးတို့ က တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)