မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကျင်းပ

 


MNP - ဇွန်   ၂၄


မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင်ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာဘဟန်က အမှာစကားပြောကြားသည်။ ၎င်းနောက် စစ်တုရင်ကစားကွက်အားရွှေ့၍ ပြိုင်ပွဲအား ပါမောက္ခချုပ်က ဖွင့်လှစ်ပေးပြီး စစ်တုရင်ပြိုင်ပွဲဆိုင်ရာ စည်းကမ်းချက်များကို ဒိုင်လူကြီးဦးတင်ဆွေဦးက ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို စတင်ကျင်းပသည်။ အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် ဓာတုဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ၊ အရှေ့တိုင်းပညာ၊ စီးပွားရေးပညာ၊ အင်္ဂလိပ်စာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ သင်္ချာနှင့် ပထဝီဝင် ဌာနများမှ ကျောင်းသား၊ ကျောင်းသူ ပြိုင်ပွဲဝင် ၃၄ ဦး ပါဝင်ယှဉ်ပြိုင်သည်။ အဆိုပါ စစ်တုရင်ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူများအား ပညာရေးသာမက အတွေးအခေါ်ရင့်သန်စေရန်၊ ဉာဏ်ပညာထက်မြက်စေရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအား ဇွန်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)