ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်းသားသူများအား ကြက်တောင်ရိုက်သင်တန်းနှင့်ဘတ်စကတ်ဘောသင်တန်းဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်းသားသူများအား ကြက်တောင်ရိုက်သင်တန်းနှင့်ဘတ်စကတ်ဘောသင်တန်းဖွင့်လှစ်ပေး





MNP ၊  ဇွန်  ၇

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းသားကျောင်းသူများအား ကြက်တောင်ရိုက်သင်တန်းနှင့် ဘတ်စကတ်ဘောသင်တန်းကို ဒီကနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


နိုင်ငံကိုယ်စားပြုမျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွက်လာစေရေး၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး အားကစားလှုပ်ရှားမှုများတွင် စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနနှင့် အားကစားဌာနတို့ ပူးပေါင်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါကြက်တောင်ရိုက်သင်တန်းကို အ.ထ.က  ပေါင်ကျောင်းမှ ကျောင်းသားကျောင်းသူ ၃၆ ဦးအား နှစ်ပတ်ကြာသင်ကြားပေးမည်ဖြစ်ပြီး ဘက်စကတ်ဘောသင်တန်းကို အ.ထ.က ကျွဲခြံကျောင်းမှ ကျောင်းသားကျောင်းသူ ၆၂ ဦးအား သုံးပတ်ကြာဖြင့် တစ်ရက်လျှင် ၂ နာရီကြာ  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)