မောင်တောမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ





MNP ၊  ဇွန်   ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့၌  ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မောင်တောခရိုင် သစ်တော ဦးစီးဌာနမှ ၂၀၂၂ ခုနှစ်  မိုးရာသီ စုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်က  ယနေ့ နံနက် ၈ နာရီ အချိန်  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ် ခဲ့ကြသည် ။ 

 အခမ်းအနားတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် သစ်တောဦးစီးဌာနမှ  ပျိုးပင်များအား တာဝန်ရှိသူ များ ထံပေးအပ်ပြီး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ၊ မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ  ဦးကံထွန်းအောင် ၊ ခရိုင် သစ်တောဦးစီမှူး ဦးပုန်ဇဂင့် ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမိုးမြှင့်ဇော် နှင့် ဝန်ထမ်းများ ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ အမျိုးသမီး ရေးရာအသင်း၊ မိခင် နှင့်ကလေး စောင့် ရှောက်ရေး အသင်း၊  လူမှုရေးအဖွဲ့ အစည်းများ၊ NGOအဖွဲ့အစည်းများ ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့် နှစ်ပေ အထက် ပျိုးပင်ဖြစ်သော  ကျွန်း ၊ ပျဉ်းကတိုး ၊ မန်ဂျန်ရှား ၊ မဟော်ဂနီ နှင့် ယူကလစ် (သစ်မာ မျိုးစုံ) စသည့် စုစုပေါင်း ပျိုးပင်ပေါင်း ၆၀၀ ကို ကျောင်းဝင်း အတွင်း စုပေါင်း စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)