MNP ၊ ဇွန် ၂၆
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၌ သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ဂေဟစနစ်ထိန်းညှိရန်၊ဒေသခံပြည်သူများ သစ်ပင်စိုက်ပျိုးသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ၂၀၂၂ နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ပေါက်တောမြို့ရှိ အိုးအိမ်ခြံဝင်း၌ ပြုလုပ်သည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းသန်းထိုက် နှင့် ဝန်ထမ်းများ ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး မာန်ဂျန်ရှား ၂၅၀ ပင် ၊ မဟော်ဂနီ ၁၅၀ ပင် ၊ ကျွန်း၁၀၀ ပင် ၊ ရေသင်းဝင် ၁၀၀ ပင် စုစုပေါင်း ၆၀၀ စုပေါင်းစိုက်ပျိုးကြောင်းသိရသည်။
No comments:
Post a Comment