မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးပျိုးပင်များ(အခမဲ့) ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးပျိုးပင်များ(အခမဲ့) ဖြန့်ဝေပေး



MNP - ဇွန်   ၂


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုများညီညွှတ်မျှတစေရန် ရည်ရွယ်ပြီး သစ်ပင်ပျိုးပင်များကို (အခမဲ့) ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီ လူထုဖြန့်ပျိုးပင်များကို တပ်ရင်းတပ်ဖွဲ့များ အတွက်(၇၇၀၀)ပင်၊ ဌာနဆိုင်ရာဖြန့်ဝေရန်အတွက် (၃၀၀၀)ပင်၊ ကျေးရွာအုပ်စုများအတွက် (၁၂၀၀၀)ပင်၊ စုစုပေါင်း ပျိုးပင် (၂၂၇၀၀)ပင် ပျိုးထောင်စိုက်ပျိုးထားရှိကြောင်း သိရသည်။ ထိုပျိုးပင်များကို တပ်ရင်းတစ်ရင်း လျှင်(၇၀၀)ပင်၊ ဌာနဆိုင်ရာ တစ်ဌာနလျှင် (၃၀၀)ပင်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုတစ်စုလျှင် (၈၀၀)ပင် နှုန်းဖြင့် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ အခမဲ့ဖြန့်ဝေပေးမည့် ပျိုးပင်များမှာ ကျွန်း၊ မယ်ဇလီ၊ မန်ဂျန်ရှား၊ ခရေ၊ စိန်ပန်းပြာ၊ ငုစပ်၊ ကသစ်ပျိုးပင်များဖြစ်ကြောင်း၊ မေလ ၁ ရက်နေ့မှ စတင်၍ မိုးရာသီကာလအတွင်း အချိန်မှီစိုက်ပျိုးနိုင်ရန် အတွက် အခမဲ့ဖြန့်ဝေနေပြီဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။


သတင်း - သန်းထွန်းအေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)