နေပြည်တော် အာဟာရသုခဈေးရှိ ညောင်ပင်ကွင်းပျံကျဈေး ဆောက်လုပ်နေ အမိုးအကာလုံခြုံချောမွေ့စွာဖြင့် ရောင်းဝယ် ဖောက်ကားနိုင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် အာဟာရသုခဈေးရှိ ညောင်ပင်ကွင်းပျံကျဈေး ဆောက်လုပ်နေ အမိုးအကာလုံခြုံချောမွေ့စွာဖြင့် ရောင်းဝယ် ဖောက်ကားနိုင်မည်


MNP ၊ ဇွန် ၁၇

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပျဉ်းမနား မြို့နယ် အာဟာရသုခဈေးရှိ ညောင်ပင်ကွင်း ပျံကျဈေးနေရာတွင် Steel Structure (၂၃၂'x ၁၆၀') နှင့် (၁၆၀'x ၈၆',၇၀') အဆောက်အအုံနှစ်လုံး ဆောက်လုပ်သည့်နေရာကို သွားရောက် ကြည့်ရှုသည်။

ထိုသို့ကြည့်ရှုစဉ် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်က အသစ်တည်ဆောက်သည့် ပျံကျဈေးရုံ အဆောက် အအုံနှစ်လုံးတွင် ဈေးရောင်း/ ဈေးဝယ်များ မိုးရာသီတွင် အဆင်ပြေချောမွေ့စွာ ကူးသန်း သွားလာနိုင်စေရေး အမိုးပါ လျှောက်လမ်းငယ် ထည့်သွင်းဆောက်လုပ်ပေးရန်၊ ဈေးရုံပတ် လည်ရှိ ရေမြောင်းများ သန့်ရှင်း သပ်ရပ်မှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး စတင် တည်ဆောက်စဉ်ကပင် စနစ်တကျ ဆောင်ရွက်ရန်မှာကြားသည်။

အာဟာရသုခဈေးသည် ရှမ်းပြည်နယ်နှင့် အခြားပြည်နယ်၊ တိုင်းဒေသများမှ ဟင်းသီးဟင်းရွက်များ အဓိကပို့ဆောင်ရောင်းချသော ဈေးကြီးဖြစ်ပြီး ယခုတည်ဆောက်နေသော ညောင်ပင်ကွင်း ပျံကျဈေးနေရာ၌ Steel Structure အဆောက်အအုံနှစ်လုံး ဆောက်လုပ်ပြီးစီးပါက ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အမိုးအကာ လုံခြုံစွာဖြင့် အဆင်ပြေ ချောမွေ့စွာရောင်းဝယ် ဖောက်ကားနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)