ဓနုဖြူမြို့နယ်တွင် အသက် ၅ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် အသက် ၅ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

 


MNP - ဇွန်   ၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတို့မှ အသက် ၅ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့  နံနက်(၁၀)နာရီအချိန်တွင် ဓနဖြူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်ချမ်းသာ ဘုန်းတော်ကြီးကျောင်းမှ အသက် ၅ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၁၀)ဦးတို့အား ဓနုဖြူမြို့နယ် ကျန်းမာရေးဌာနမှ ဆရာ/ဆရာများက ကာကွယ်ဆေးမထိုးမှီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း စသည့်ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှ ကာကွယ်ဆေး ထိုးပေးပြီး၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ဆောင်ရွက် သွားကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်  အဖွဲဝင်များမှလိုက်လံကြည့်ရှုအားပေးလျက်ရှိကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)