အမ်းမြို့နယ်အတွင်းရှိ ခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်အတွင်းရှိ ခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေးလျက်ရှိ








MNP ၊ ဇွန် ၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် တပ်တောင်မြို့အတွင်းရှိ  အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေးခြင်းကို အခြေခံပ ညာကျောင်းများ၌ ဇွန်လ(၃) နံနက်(၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ 

အမ်းမြို့နယ်တွင်အခြေခံပညာကျောင်းများအတွက် ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေး Sinopharm အလုံးရေ(၄၃၂၈)ရရှိပြီး လူဦးရေ(၂၁၆၄၈) ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ပြီး အခြေခံ ပညာကျောင်း စုစု ပေါင်း(၂၁၈)၊ ကိုယ် ပိုင်အထက်တန်း ကျောင်း(၂)ကျောင်းမှ  အသက်(၅)နှစ်မှ(၁၂) နှစ်အတွင်း ကျောင်း သား/ ကျောင်းသူ (၁၉၂၆၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး Sinopharm (ပထမ) အကြိမ်ထိုးနှံပေး ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စည်း ကမ်းချက်များနှင့်အညီ   စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

 ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန် ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ တာဝန်ခံ ကျောင်းအုပ် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ဝင်များက  ပူးပေါင်းပါဝင်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)အကြာအနားယူပြီးမှပြန်ခွင့်ပြုခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း -  စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)