ကျိုက်ထို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ ၂၀၂၂ -၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ ၂၀၂၂ -၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား








MNP ၊ ဇွန် ၂

မွန်ပြည်နယ်၊ကျိုက်ထို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂ -၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက်   ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျိုက်ထို မြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းစုစုပေါင်း( ၁၂၄) ကျောင်း ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း( ၁၄) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၆ ကျောင်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။ 

ကျောင်းဖွင့်ချိန်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းကော်မတီများနှင့် ကျောင်းလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းဝန်းကျင် လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)