ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်‌ သစ္စာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်း‌ စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်‌ သစ္စာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်း‌ စတင်ဆောင်ရွက်



MNP  - ဇွန်  ၁၇


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်တွင် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေကျပ် (၅.၇၂) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ သစ္စာလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါလမ်းသည် အရှည် (၁၇၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေ လွယ်ကူ‌‌စေပြီး ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီးဖြစ်ကြောင်း သိရှိရပါသည်။


သတင်း - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)