ကော့ကရိတ်မြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုး

 


MNP - ဇွန်  ၂၅


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၁နာရီတွင် ဆိပ်ဖူးကုန်းကျေးရွာရှိ ဦးမြင့်ဇော်ဦး၏ ယာမြေတစ်ဧကတွင် ကျင်းပသည်။


သရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာကျော်လွင်က တိရစ္ဆာန်အစာပင်နေဗီယာမြက် စိုက်ပျိုးအသုံးပြုခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးလာစေရန် ပြည်တွင်းကျွဲနွားမွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓါတ်မြင့်မားပြီး အထွက်နှုန်းကောင်းစေသောတိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်စေရန် အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစားအစာဖြင့်ကျွေးမွေးနိုင်ရန် နေဗီယာမြက်ကို စိုက်ပျိုးထားရှိခြင်းဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားသည်။


အဆိုပါသရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်နှင့်ဝန်ထမ်းများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)