MNP - ဇွန် ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ၊ မြောက်ဦးမြို့နယ်အတွင်း ဓာတ်မြေဩဇာသုံး စွဲမှုလျှော့ချပြီး တောင်သူဝင်ငွေတိုးတက်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပြီး ထယ်မှောက်ထည့်သွင်းခြင်း ကွင်းဆင်းသရုပ်ပြပွဲအား ယမန်နေ့က မြောင်းဘွေကျေးရွာ၊ တောင်သူဦးရန်ကင်း၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်စိမ်းမြေဩဇာထယ်မှောက်ထည့်သွင်းနည်း သရုပ်ဖော်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူ ၃၀ ဦးတို့ တက်ရောက်ကြည့် ရှုလေ့လာခဲ့ကြသည်၊၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးလွင်ဖြိုးမှ သစ်စိမ်းမြေဩဇာများနှင့် နှစ် စဉ် စိုက်ပျိုးထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများ တိုးတက်ကောင်းမွန်လာစေကြောင်း၊ မြေဆီလွှာတိုးတက်ကောင်းမွန်လာသည့်အတွက် ဓါတ်မြေဩဇာသုံး စွဲမှုလျှော့ချ နိုင်ကာတောင်သူများဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ခင်းအတွင်း မြေဆီလွှာအတွင်းသို့ ထယ်မှောက်ထည့်သွင်းနည်းများအား ကွင်းဆင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment