MNP ၊ ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ ၁၆ ရက်နေ့အတွင်း လေဘေးဖြစ်ပွားခဲ့မှုများအပေါ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝဘေး ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက စဉ့်ကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်က ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးရန်ပုံငွေမှ စဉ့်ကူးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် နေအိမ်တစ်လုံးလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် ၄ သိန်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ် (၁၀) လုံးအတွက် နေအိမ်တစ်လုံးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် ၁၀ သိန်း၊ လေဘေးသင့်ပြည်သူ (၅၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၅)သောင်းနှုန်းဖြင့် ကျပ် ၂၆၅၀၀၀၀ ၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၄၀၅၀၀၀၀) အား စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူး သော်တာထွန်းနှင့် ဦးထွန်းညွန့်ဦး တို့က ပေးအပ်ခဲ့ရာ လေဘေးသင့်ပြည်သူများကိုယ်စား ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment