ကျိုက်ထို မြို့နယ်အ.ထ.က (၁) ၌ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှအားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထို မြို့နယ်အ.ထ.က (၁) ၌ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှအားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်





MNP ၊  ဇွန်   ၂၉

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကျောင်းသားလူငယ်များအားကစားကိုစိတ်ပါဝင်စားလာစေရန် အားကစား‌၏အကျိုးကျေးဇူးကို သိရှိပြီးပုံမှန်အားကစားလေ့ကျင့်မှုများပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအကြောင်း သိရှိပြီးမျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇွန်(၂၉)ရက် နံနက် (၁၀)နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရာပြည့် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲပြုလုပ်ရာတွင်သထုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးအရာရှိဒေါ်သန်းသန်းရွှေမှအားကစားပညာရပ်များဖြစ်သော ဘောလုံး ကစားခြင်းဆိုင်ရာနည်းစနစ်များ ၊ဘော်လီဘောကစားခြင်းဆိုင်ရာနည်းစနစ်များ၊ဘက်စ

ကပ်ဘောဆိုင်ရာနည်းစနစ်များ၊ပြေးခုန် ပစ်ဆိုင်ရာနည်းစနစ်များ၊စစ်တုရင်ကစားခြင်းနည်းစနစ်များ၊စားပွဲတင်တင်းနစ်နည်းစနစ်များ၊လှေလှော်ရွက်တိုက်နည်းစနစ်များနှင့်အတူမြန်မာ့ရိုးရာသိုင်းပညာရပ်အကြောင်းများကိုပြောကြားခဲ့သည်။

 ယင်းနောက်မြန်မာ့ရိုးရာသိုင်းပညာအားဦးအောင်ခိုင်စိုး(မူအုပ်-တောင်ကလေး) ဦးဆောင်၍လူငယ်များက လက်နက်

မဲ့ခုခံကာကွယ်ခြင်း၊ လက်နက်ဖြင့် ခုခံ ကာကွယ်ခြင်း၊သိုင်း ပညာရပ်ကိုသရုပ်ဖေါ်အလှပြကွက်များဖြင့်လူငယ်မျာအားကစား လိုက်စားလိုစိတ်ရှိစေရန်သရုပ်ဖေါ်ကပြခဲ့ကြသည်။

အဆိုပါအားကစားနည်းများကို  လေ့ကျင့်သင်ကြားလိုသူများအနေဖြင့် ကျိုက်ထိုမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင်အမည်စာရင်းနှင့် နေရပ်လိပ်စာများ ပေးသွင်းထားနိုင်ကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)