ကျိုက်ထို မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/သူများအား ဆေးထိုးစုရပ် ကျောင်းများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထို မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/သူများအား ဆေးထိုးစုရပ် ကျောင်းများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

 





MNP ၊  ဇွန်   ၃

ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံ ပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင် ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းဖြင့် ဇွန်(၃)ရက် တွင် ဆေးထိုးစုရပ်ကျောင်း (၈ )ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများကကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။   

ကျိုက်ထို မြို့နယ်တွင်  အခြေခံပညာကျောင်း(၁၂၄)ကျောင်း၊  ကိုယ်ပိုင်ကျောင်း (၆)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၁၄)ကျောင်း စုစုပေါင်း(၁၄၄)ကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော ကျောင်း သား/သူ များအား သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် ကာကွယ်ဆေးများ  ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးကို ဆေးထိုးစုရပ်ကျောင်းများတွင် ဆေးထိုးအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆရာ/မများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိ‌ ကြောင်းသိရသည်။


သတင်း -   ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)