မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်



MNP - ဇွန်   ၁၁


မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။


ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ဌာနတွေက ဝန်ထမ်းတွေအနေနဲ့ ဆက်စပ်ဌာနတွေရဲ့ ဥပဒေနဲ့ လုပ်ထုံး လုပ်နည်းတွေကို ပိုမိုကျေညက်စွာ သိရှိစေဖို့နဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ယခုထက်ပိုမိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့နဲ့ သင်တန်းပြီး သွားကြတဲ့ သင်တန်းသားတွေအနေနဲ့ မိမိလုပ်ငန်းခွင်ကို ပြန်လည်ရောက်ရှိတဲ့အခါ ဒီသင်တန်းက လေ့လာသင်ယူခဲ့ရတဲ့ သင်ခန်းစာတွေနဲ့ အသိပညာ၊ ဗဟုသုတတွေ ရရှိနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ဖို့အတွက် တိုင်းဒေသကြီး အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့တွေက အသက်(၄၅)နှစ်အောက် အရာထမ်း သင်တန်းသားများကိုသာ သတ်မှတ်ခေါ်ယူခဲ့တာဖြစ်ကြောင်း၊ ဒီသင်တန်းဟာ သာမန်ဖွင့်လှစ်တဲ့ သင်တန်းမျိုးမဟုတ်ဘဲ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်း တွေမှာ မိမိကိုယ်တိုင်ပါဝင်ဖို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဝန်ထမ်းတွေရဲ့ ကွန်ရက်ကို ဖြန့်ကျက်ဆန့်ထုတ်ဖို့ ဖြစ်တယ်ဆိုတာ စွဲစွဲမြဲမြဲ နားလည်ထားဖို့ အလေးအနက်ထား မှာကြားလို ကြောင်း၊ ဒီသင်တန်းမှာ ကုန်စည်တင်ပို့/တင်သွင်းခြင်းနှင့် တားဆီးဖမ်းဆီးစစ်ဆေးမှု လုပ်ငန်း စဉ်များ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ၊ ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ယစ်မျိုးစီမံခန့်ခွဲမှု၊ အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ သစ်တောဥပဒေနှင့် ဆက်စပ်ဥပဒေများ၊ ဖမ်းဆီးရမိမော်တော်ယာဉ်များ စီမံခန့်ခွဲမှု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနတို့မှ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများက ပို့ချဆွေးနွေး သွားမှာဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။


ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် တရားမဝင်ပစ္စည်းများ ဖမ်းဆီးအရေးယူ ဆောင်ရွက် နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒီသင်တန်းဟာ တစ်ကြိမ်တည်း ဖွင့်လှစ်မည့် သင်တန်းမျိုးမဟုတ်ဘဲ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး၊ သင်တန်းသားများအနေဖြင့် နည်းပြများရဲ့ သင်ကြားပေးမှုကိုသာမက တရားမဝင်တိုက်ဖျက်ရေးနှင့် ပတ်သက်၍ သီးခြားသိချင်တာ၊ ဆွေးနွေးချင်တာများရှိရင်  ပွင့်ပွင့် လင်းလင်း ဆွေးဆွေးနွေးကြရန်၊ မိမိတို့ရဲ့အတွေ့အကြုံ၊ ထင်မြင်ယူဆချက်များ၊ အကြံပြုချက်များကို အခြားသင်တန်းသားများ သိရှိရအောင်လည်း မျှဝေဆွေးနွေးကြရန် မှာကြားခဲ့ ကြောင်းနှင့် အဆိုပါသင်တန်းကို (၁၀-၆-၂၀၂၂) ရက်နေ့မှ (၁၅-၆-၂၀၂၂)ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပိုချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း  - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)