ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိအခြေခံပညာသင်ကြားရေး ဆရာ၊ ဆရာမ များအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိအခြေခံပညာသင်ကြားရေး ဆရာ၊ ဆရာမ များအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

 


MNP - ဇွန်   ၄


ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ အခြေခံပညာသင်ကြားရေးဆရာ၊ ဆရာမ များအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က တက္ကသိုလ်များနှင့် အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ယာယီပိတ်ထားခဲ့ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စတင်ကာ ကိုဗစ်စည်းကမ်းများနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအနေဖြင့် လည်းတာဝန်သိသိ သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်နေမှုကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အခြေခံပညာကျောင်း အသီးသီး၌ သန့်ရှင်းသာယာ ပြီးသင်ကြားသင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်စေရေးအတွက် အထူးလိုအပ်နေသော သန့်ရှင်းရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်းပြီး အပတ်စဉ် ဆောင်ရွက်ပေးနေကြောင်း၊ ကျောင်းဥပဓိရုပ်နှင့် စာသင်ခန်းများ ကောင်းမွန်စေရေးအတွက် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရေသန့်စက် တပ်ဆင်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ သင်ကြားရေး လုပ်ငန်းများကို မထိခိုက်စေဘဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စီမံချက်ကာလအတွင်း ဆရာ ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးထိုးနှံ ရမည်ဖြစ်ကြောင်း၊ အမျိုးသားပညာရည်မြင့်မားရေးနှင့် အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းစွာ ပညာသင်ကြားရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး ဌာနဆိုင်ရာများ၊  ပညာရေး ဝန်ထမ်းများအားလုံး ကျောင်းသား မိဘများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမများအား ကျောင်းဝတ်စုံများနှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစောဟူး ဟူးက ကျောင်းဝတ်စုံများကို လည်းကောင်း ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက လက်ခံရယူခဲ့သည်။


ယင်းနောက် ကယားပြည်နယ် ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ဆရာ ၊ ဆရာမ များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြား ခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)