ရေတာရှည်မြို့နယ်၌ တိရစ္ဆာန်အစာပင် သရုပ်ပြ(နေပီယာမြက်)စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်၌ တိရစ္ဆာန်အစာပင် သရုပ်ပြ(နေပီယာမြက်)စိုက်ပျိုးပွဲ ကျင်းပ

 


MNP - ဇွန်  ၂၆


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်အစီအစဉ်"အရ နေပီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့တွင် ဆွာမင်းလမ်းကျေးရွာအုပ်စု ကျောက်အိုးကျေးရွာ တောင်သူဦးတိုးတိုးအောင်၏ လယ်ယာမြေတစ်ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။


သရုပ်ပြစိုက်ပျိုးပွဲတွင် ရေတာရှည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကြည်လင်က တိရစ္ဆာန်အစာပင်များစိုက်ပျိုးခြင်းသည် တိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ကူးပြောင်းမွေးမြူလာစေရန်၊ အစာရှားပါးချိန်တွင် အစာ အာဟာရဖူလုံစွာ ရရှိစေရန်၊ အာဟာရပြည့်ဝသော အစာများကျွေးမွေး၍ ထုတ်လုပ်မှုစွမ်းအား မြင့်မားပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် မွေးမြူသူတောင်သူများ အသိအမြင်ကြွယ်ဝလာရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


သတင်း - ရေတာရှည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)