ဘီးလင်းမြို့နယ်၌ အသက် (၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယနေ့ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌ အသက် (၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယနေ့ ဆက်လက်ထိုးနှံပေး





MNP ၊   ဇွန်   ၃

 သထုံခရိုင် ၊ ဘီးလင်းမြို့နယ်အတွင်းရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန် ၂ ရက်နေ့မှစတင်ကာ ဘီးလင်း မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်ထားရှိရာ အခြေခံပညာကျောင်းများ၌ သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးသည့် အခြေခံပညာကျောင်းပေါင်း (၁၃) ကျောင်း၌ ဆေးထိုးစုရပ်များပြုလုပ်၍ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား  ကာကွယ်ဆေးထိုးအဖွဲ့(၈)ဖွဲ့ဖြင့် ကျန်းမာရေးဝန် ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေး လျှက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေးထိုးနှံ ပြီးစီးသူ ကျောင်းသား၊ကျောင်းသူ (၁၂၄၉) ဦးရှိပြီး ကျန်ရှိနေသေးသော ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ရက်အတွင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)