ကျောက်တံတားမြို့နယ်တွင် အမျိုးသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား သုံးသောင်းနှင့်အတူ ဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်တွင် အမျိုးသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား သုံးသောင်းနှင့်အတူ ဖမ်းမိ


MNP ၊ ဇွန် ၂၁

ယမန်နေ့ ဇွန် ၂၀ရက်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်အတွင်း အမျိုးသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား သုံးသောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၀ ရက် ညနေ ၃နာရီ၄၅မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျောက် တံတားမြို့နယ်၊ (၈)ရပ်ကွက်၊ ၃၉ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းကြားတွင် မသင်္ကာဖွယ်တွေ့ရှိသူ သူရဝင်း(ခ) ဂနီ အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သူရဝင်း(ခ)ဂနီ(၄၄)နှစ်အား ကျောက်တံတားမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)