ဒိုက်ဦး၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦး၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

 


MNP - ဇွန်   ၁၁


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ အမှတ် ၃ စိုက်ပျိုးရေး အထွက်တိုးစခန်း၌ ယနေ့နံနက် ၉ နာရီ အချိန်က တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး နော်ဝင်းဝင်းမေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်သိန်းနိုင် စိုက်ပျိုးရေး၌ အဓိကဖြစ်သော မြေ၊ မျိုး၊ ပိုး အကြောင်းများကိုလည်းကောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာစုစုလှိုင်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော အစာပေါများချိန်တွင် မြက်ချဉ်ဖတ်ပြုလုပ်ရခြင်းဖြင့် အစာရှားပါးချိန်တွင် ကျွေးမွေးနိုငစေရန်၊ မြက်၏မူလအဟာရ တန်ဖိုးလျော့မသွားဘဲ အချိန်ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ခြင်း စသည်တို့၏ အကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် သင်တန်းသားများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး ဦးရဲလင်းအောင်က မြက်ချဉ်ဖတ်ပြုလုပ်နည်းအား သင်ကြားပို့ချခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)