ပင်လောင်းမြို့နယ်တွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

 


MNP - ဇွန်   ၃


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေးကို ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်အသီးသီး၌  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းများကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများပူးပေါင်း၍ အထက-၂ တွင် ပညာသင်ကြားနေသော အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ဆေးထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်အောင်တို့က တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


ကာကွယ်ဆေး  ဆေးထိုးစုရပ် (၅)ခု၌ အထက-၂ ပင်လောင်းတွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူ (၃၇၉) ဦး၊ အထက နောင်တရားတွင် ကျောင်းသား/ ကျောင်းသူ (၅၂၈) ဦး၊ အထက တီကျစ်တွင် ကျောင်းသား/ ကျောင်းသူ(၆၄၅)ဦး၊ အထက ဆောင်းပြောင်းတွင် ကျောင်းသား/ ကျောင်းသူ (၂၅၁) ဦး၊ အထက တလိုင်းမတွင် ကျောင်းသား/ ကျောင်းသူ (၁၃၈) ဦး၊ စုစုပေါင်း (၁၉၉၅)ဦး အား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသော အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ  ကျောင်းသား/ ကျောင်းသူများကိုလည်း သတ်မှတ်ထားသည့် ဆေးထိုးရမည့်နေ့ရက်များနှင့် စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီး ဌာနထံမှ  သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)