ပဲခူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၄၆၄၄၃၀)ဦး တက်ရောက်ပညာသင်ယူလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၄၆၄၄၃၀)ဦး တက်ရောက်ပညာသင်ယူလျက်ရှိ





MNP ၊ ဇွန်   ၂

မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ စတင်လက်ခံခဲ့ပြီး ဇွန်လ ၂ ရက်နေ့ မှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ပဲခူးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၄၆၄၄၃၀)ဦး အေးချမ်း ပျော်ရွှင်စွာ ကျောင်းတက်နေပြီဖြစ်ကြောင်း သိရသည်။


ပဲခူးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့် (၂၆၆၅၃)ဦး၊ အလယ်တန်းအဆင့် (၁၁၀၅၈၅)ဦး၊ မူလတန်းအဆင့် (၃၂၇၁၉၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၆၄၄၃၀)ဦးရှိပြီး အထက်တန်းအဆင့်ဆရာ၊ ဆရာမ (၁၆၂၄)ဦး၊ အလယ်တန်းအဆင့်ဆရာ၊ ဆရာမ (၄၄၅၄)ဦးနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမ (၁၁၀၇၄)ဦး စုစုပေါင်းဆရာ၊ ဆရာမ (၁၇၁၅၂)ဦးတို့က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ရာ ပဲခူးမြို့နယ်အတွင်းရှိ အခြေပညာကျောင်း (၂၄၀၃)ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း (၈၅) ကျောင်း နှင့် ကိုယ်ပိုင်ကျောင်း (၆၂)ကျောင်း စုစုပေါင်း (၂၅၅၀)ကျောင်း ဖွင့်လှစ် လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး (ပညာ)မှ ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)