MNP - ဇွန် ၁၂
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူမှုမီဒီယာအား အကျိုးရှိစွာအသုံးပြုနိုင်ရေး ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသူများအား ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ယနေ့ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာနေသည့် မီဒီယာကဏ္ဍနှင့် မီဒီယာအမျိုးအစားများဆိုင်ရာ သိသင့်သိထိုက်သည်များ၊ မီဒီယာအမျိုးအစားအလိုက် အကျိုးရှိအသုံးဝင်ပုံနှင့် သတိပြုအပ်သည့်အချက်များ၊ ယနေ့လူ့ပတ်ဝန်းကျင်နယ်ပယ်အသီးသီးနှင့် အထူးသဖြင့် လူငယ်ထုအတွင်းကျယ်ပြန့်စွာ အသုံးပြုလာနေကြသည့် လူမှုမီဒီယာ၏အကျိုးရှိပုံနှင့် မှတ်သားသိရှိလိုက်နာအပ်သည့် အကျိုးကျေးဇူးများ၊ လူမှုမီဒီယာ၏ ဘေးထွက်ဆိုးကျိုးများ၊ အသုံးပြုသူ၏ ရည်ရွယ်ချက်အပေါ်မူတည်ကာ မတူညီသည့်ရလဒ်များအား သတိပြုဆင်ခြင်နိုင်ရေး အသိပညာပေးဟောပြောခဲ့ကြောင်းသတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment