ရမည်းသင်းမြို့နယ်၌ လူထုလှုပ်ရှားမှုမြို့ဝင်၊ မြို့ထွက်တွင် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ လူထုလှုပ်ရှားမှုမြို့ဝင်၊ မြို့ထွက်တွင် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ



MNP - ဇွန်   ၁၈


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေး မြို့ဝင်၊ မြို့ထွက်၌ အရိပ်ကအပင်များအား ဌာနဆိုင်များနှင့် လူမှုရေးအသင်အဖွဲ့များပူးပေါင်းကာ  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။    


အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရမည်းသင်းမြို့ အမှတ်(၃)စစ် အခြေခံတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးမှူး ဦးသိန်းသန်းထွန်းနှင့် ဝန်ထမ်းများ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ကြပြီး ၊စိန်ပန်း(၂၅)ပင်၊ ဗန်ဒါ(၅)ပင်နှင့် စိမ်ဒကျူ(၂၀)ပင် စုစုပေါင်းပျိုးပင်(၅၀)ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုး ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - သိန်းသန်းထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)