မိတ္ထီလာမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရေး ပျိုးပင်ပေါင်း ၈၆၀၀၀ကျော် စိုက်ပျိုးခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရေး ပျိုးပင်ပေါင်း ၈၆၀၀၀ကျော် စိုက်ပျိုးခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 



MNP - ဇွန်  ၃


မိတ္ထီလာမြို့နယ်၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများဖြည့်ဆည်းပေးရန်အတွက် ပျိုးပင်ပေါင်း ၈၆၀၀၀ကျော် စိုက်ပျိုးခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။


အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်၊ ရေမြေသဘာဝဝန်းကျင်ကို ထိန်းသိမ်းရန်၊ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရန်၊ ကျေလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်၊ သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့် အနှစ်သာရကို ဒေသနေပြည်သူများ သိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထုအသိပညာမြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို တိုးတက်ရရှိစေရန်၊ ရာသီဥတုမျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်နှင့် သဲကန္တာရဖြစ်ထွန်းမှုကို ကာကွယ်တားဆီးရန်တို့အတွက် နှစ်စဉ်သစ်တောများ ထူထောင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာမှ မိတ္ထီလာမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် (၂၀၂၂ခုနှစ်) မိုးရာသီတွင် ယူကလစ်၊ ဒဟတ်၊ မြင်ဝါး၊ ရင်းမာ၊ မဲဇလီ၊ တမာ၊ ရှားစသည့် ပျိူးပင်ပေါင်း ၈၆၅၅၀ ကို မေလ ၈ ရက်နေ့မှ စတင်၍ သစ်တောကြိုးဝိုင်းများတွင် စိုက်ပျိုးလျက်ရှိသည်။


ယင်းသို့စိုက်ပျိုးရာတွင် ဖလံကျင်းသစ်တောကြိုးဝိုင်း ကျေးရွာသုံးစိုက်ခင်း ဧက ၅၀တွင် ပျိုးပင်(၂၇၀၀၀)ပင်၊ တောင်ပြဲစဲအပတော သစ်တောကြိုးဝိုင်း ကျေးရွာသုံးစိုက်ခင်း ၄၅ ဧကတွင် ပျိုးပင် (၂၄၃၀၀) ပင်၊  ကုန်းတန်းကြိုးဝိုင်း အခြားစိုက်ခင်း  ၂၅ ဧကတွင် ပျိုးပင် ၃၀၂၅၀နှင့် တစ်အုပ်တစ်မ စိုက်ခင်း (အထူးစိမ်းအပင်ကြီး) ပျိုးပင် ၅၀၀၀ တို့ကို စိုက်ပျိုးလျက်ရှိရာ အဆိုပါစိုက်ပျိုးခြင်း လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း   အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  သိရသည်။  


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)