အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တွင် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တွင် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ဟောပြောပွဲကျင်းပ

 



MNP - ဇွန်   ၉


နည်းပညာ၊ အသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးပြုသင်ယူမည့် ဘာသာရပ်များအကြောင်း သိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က  အဆိုပါကျောင်းခန်းမ၌ ကျင်းပကြောင်းသိရသည်။


“ယခု ၂ဝ၂၂-၂ဝ၂၃  ပညာသင်နှစ်မှာ စတင်တက်ရောက်မယ့် ပထမနှစ် စတင်တက်ရောက်မည့် ပထမနှစ် ကျောင်းသူ၊ ကျောင်းသားများအတွက်  သူတို့အထူးပြုသင်ယူမည့် သာဘာရပ်များအကြောင်း သိရှိနားလည်စေဖို့ ရည်ရွယ်ပြီး ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ဟောပြောပွဲကို ကျင်းပပြုလုပ်တာပါ။ အစိုးရနည်းပညာအထက်တန်း ကျောင်း (မိတ္ထီလာ) မှာ  အဆောက်အဦနည်းပညာ သင်တန်း၊ အီလက်ထရောနစ်နည်း ပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း၊ အဆောက်အဦ ပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်းဆိုပြီး ဘာသာရပ် ၆ ခုကို ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိပါတယ်” ဟု အဆိုပါကျောင်း ကျောင်းအုပ်ဒေါက်တာ ကျော့ကျော့ရီက ပြောသည်။ အဆိုပါ ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ဟောပြောပွဲတွင် ပထမနှစ် ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းအုပ် ဒေါက်တာကျော့ကျော့ရီက အမှာစကားပြောကြားပြီး ဘာသာရပ်ဆိုင်ရာ (ဌာနမှူး) ဆရာမများက သက်ဆိုင်ရာဘာသာရပ်များ အကြောင်းကို မိတ်ဆက်ပြောကြားသည်။


အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော် စသည့်မြို့များမှ ပထမနှစ် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၂၂ ဦး တက်ရောက်ပညာ သင်ယူလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းကို ဇွန်လ ၂ဝ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်သည်။ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တွင် တက်ရောက်လိုသူများအနေဖြင့် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း (Grade-9) အောင်မြင်ပြီးသူ၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူများအနေဖြင့် ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)