ကျိုက်ထိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ






MNP ၊  ဇွန် ၂၄

မွန်ပြည်နယ်၊ကျိုက်ထို မြို့နယ်တွင်  ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်ကို ဇွန်(၂၄)ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့ရှိ အခြေခံပညာကျောင်းများနှင့် ဈေးဆိုင်များ၊Taxi ဂိတ်များတွင် လက်ကမ်းစာစောင် စောင်ရေ (၂၈၆) စောင် ကိာအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင်  မူးယစ်‌ ဆေးဝါးပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါး၊(၃၁-၁-၂၀၂၂)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)၌ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် ကဗျာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာဆိုးကျိုးများနှင့် ကာတွန်းရုပ်ပုံ စသည့်အကြောင်းအရာများ ပါရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)