၁၃၈၄ (၂၀၂၂) ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၃၈၄ (၂၀၂၂) ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာချက်





MNP ၊ ဇွန် ၁၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၄ (၂၀၂၂)ခုနှစ်အတွက် ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့်လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ (၅၃၈၈) ဦးအနက် (၁၃၇၁)ဦး အောင်မြင်၍ (၂၅.၄၅) ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ (၆၀၇၆) ဦး အနက် (၂၇၂၆) ဦးအောင်မြင်၍ (၄၄.၈၇) ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ (၁၀၈၈၀) ဦးအနက် (၂၀၅၁) ဦး အောင်မြင်၍ (၁၈.၈၅) ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုသူ (၁၆၃၈၉) ဦးအနက် (၉၄၆၅) ဦးအောင်မြင်၍ (၅၇.၇၅) ရာခိုင်နှုန်း အောင်မြင်ကြသည်။

၁၃၈၄ (၂၀၂၂) ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအနက် အတန်းအသီးသီး၌ ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင် ပထမရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ကြသည်။

၁၃၈၄ (၂၀၂၂) ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်စာရင်းကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)