ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်(၄)စာရင်း ရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်(၄)စာရင်း ရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

 


MNP -  ဇွန်   ၃


ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ မှတ်ပုံတင် နိုင်(၄) စာရင်းများအား Excel Format ဖြင့် ရိုက်သွင်းခြင်းနှင့် Software အတွင်း ထည့်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် နိုင်(၄)ရှိ စာရင်းမှတ်တမ်း အချက်အလက်များကို နည်းပညာစက်ကိရိယာများ အသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ကြီးကြပ်မှုနှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်း အချို့မြို့နယ်များတွင် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိသည့် မြို့နယ်များက သတ်မှတ်ကာလမတိုင်မီ ပြီးစီးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်းဖြင့် အမှာစကား ပြောကြာသည်။


ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က နိုင်(၄) စာရင်းများ ရေးသွင်းနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းနှင့် ဌာနဆိုင်ရာများ၏ စေတနာထား ပူးပေါင်းဆောင်ရွက်မှုဖြင့် ကောင်းမွန်သည့်ရလာဒ်များ ရရှိသည်ဟု သုံးသပ်ပါကြောင်းနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းကြရန် ပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များအား ကွန်ပျူတာအတွင်း ထည့်သွင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ၁-၆-၂၀၂၂ ရက်နေ့အထိ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြသည်။


ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က လုပ်ငန်းဆောင်ရွက်မှုပေါ် တစ်မြို့နယ်ချင်းအလိုက် သုံးသပ်အကြံပြုဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက နိုင်(၄)မှတ်တမ်းများ ရေးသွင်းရာတွင် ပူးပေါင်းဆောင်ရွက်သည့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာများနှင့် ပတ်သက်၍ အကြံပြုဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ချင်းပြည်နယ်၏ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ရန် စုစုပေါင်း လူဦးရေ (၅၅၈၁၅၅)ဦး ရှိသည့်အနက် ဇွန်လ ၁ ရက်နေ့အထိ ဆောင်ရွက်ပြီး (၄၆၆၅၀၄)ဦး ၈၃ ဒဿမ ၅၈ ရာခိုင်နှုန်းနှင့် ဆောင်ရွက်ရန်ကျန် (၉၁၆၅၁)ဦး ၁၆ ဒဿမ ၄၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)