ကဝမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 



MNP - မေ   ၃၁


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်တောဂေဟာစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကဝမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉:၀၀)နာရီ က အလယ်ကျေးရွာ ကားလမ်းဘေး၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်သူတို့က ဌာနဆိုင်ရာအကြီးအကဲများနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များထံသို့ ပျိုးပင်များအား ပေးအပ်ခဲ့သည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ စိန်ပန်းပင်၊ မယ်ဇလီပင်၊ ငုပင်နှင့် ကျွန်းပင်စုစုပေါင်း ပျိုးပင်(၂၀၀)တို့အား သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)