ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းသား/သူ ၁၆၀၂၃ ဦးအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းသား/သူ ၁၆၀၂၃ ဦးအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ



MNP - ဇွန်   ၁၈


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ကျောင်းစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ဆရာ၊ ဆရာမများမှ စာရင်းများ မှတ်ယူခြင်း၊ ကျောင်းသား မိဘများထံမှ ခွင့်ပြုချက်ရယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အခြေခံ ပညာ ကျောင်းများရှိ  အ သက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ဆရာ/မ များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်နှင့် (၁၂) ကြားရှိ ကျောင်းသား/သူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/သူ  ၈၅၄  ဦးအား ဆက်လက်ထိုးနှံပေးခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှ ၁၇ ရက်နေ့ထိ  အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူ ၁၆၀၂၃ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေး ပြီးဖြစ်ရာ ကျန်ရှိသူ ကျောင်းသား/သူများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)