ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်



MNP - ဇွန်   ၄


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကွီးလေးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်များကို တာဝန်ရှိသူတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ကျေးရွာအုပ်စုတာဝန်ရှိသူတို့က ကွီးလေးကျေးရွာအုပ်စု အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၅)ဦးတို့အား ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၅၀၀၀၀)ကျပ်ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး(၂၆)ဦး၊ အဘွား(၄၈)ဦး စုစုပေါင်း(၇၄) တို့ရှိပြီး လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် လက်ဝယ်အရောက်ရရှိရေးအတွက် တာဝန်ရှိ သူများတို့က ဆက်လက်ပေးအပ်လျက်ရှိကြောင်းသိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)