၁၃၈၃ ခုနှစ်မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၃၈၃ ခုနှစ်မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ




MNP ၊  ဇွန်  ၁၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃၈၃ ခုနှစ်မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီခဲ့သူများအား မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီက ကြီးမှူးကျင်းပသည့် ဂုဏ်ပြု ချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က  အဖွင့်အမှာစကား ပြောကြားပြီး သံတွဲမြို့မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ၊ အဖွဲ့ဝင်(၂)ဦးလှဟန်က ဘဏ္ဍာငွေရရှိ/သုံးစွဲမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် တာဝန်ရှိသူများက ၁၃၈၃ ခုနှစ်  မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီခဲ့သည့် အလှူရှင် (၆၁)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် ပေးအပ်ခဲ့သည်။

ထို့နောက် အလှူရှင်များကိုယ်စား မြို့မိမြို့ဖ ဦးဖိုးရီအောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)