မောင်တောမြို့၌ အသက်(၁၅)နှစ် နှင့် (၁၈)နှစ် ရှိသူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ အသက်(၁၅)နှစ် နှင့် (၁၈)နှစ် ရှိသူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


MNP ၊  ဇွန်   ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက်(၁၅)နှစ် နှင့် (၁၈)နှစ်ကြား အောက်ရှိသူများအား (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် စုရပ်နေရာ များတွင် ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အသက်(၁၅)နှစ် နှင့် (၁၈)ကြား အောက်ရှိသူများအားကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေး ပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ် ဆေး ထိုးနှံနေမှုများအား  ဌာနဆိုင်ရာများ၊ ဆရာ/မ များ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေး မှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေး လျှက်ရှိသည်။ 

မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၁၅)နှစ် နှင့် (၁၈)နှစ်ကြား အောက်ရှိ သူ များအား(ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၄၂ ဦးအားဆက်လက် ထိုးနှံပေးခဲ့ပြီး  မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့ထိ  အသက်(၁၅)နှစ် နှင့် (၁၈)ကြား အောက်ရှိသူ ၅၈၀ ဦးအား ကျန်းမာ ရေး ဝန်ကြီး ဌာန ၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံ ပေးပြီး ဖြစ် ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)