MNP ၊ ဇွန် ၂၇
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မှ ကျိုက်ထိုမြို့နယ်နှင့်ဘီး လင်းရှိဂရမ်အင်း/ရေချိုချောင်းလေလံရောင်း ချပွဲကိုဇွန် ၂၇ ရက်နံနက် ၁၀ နာရီတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
လေလံရောင်းချပွဲတွင် သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမင်းမင်း က လေလံစည်းကမ်းများအားဖတ်ကြားပြီး ကျိုက်ထိုမြိုနယ်လေလံရောင်းချရေးအဖွဲ့မှ လေလံပွဲစတင်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ အဘိုင်းကြီး/အဘိုင်းလေးနှင့် ဘီးလင်းမြို့နယ်၊ ကဆိုင်းကြီး/ကဆိုင်းလေး အင်း စုစုပေါင်း (၂၉.၉၄)ဧက အတွက် ကြမ်းခင်းဈေး (၁၃၄,၀၀၀ိ/-) အား ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာနေ ဦးထွန်းတင် မှ လေလံဈေး (၁၆၃၀၀၀ိ/-) ဖြင့် လည်းကောင်း၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာနှင့် ထန်းတစ်ပင်ချောင်းကျေးရွာရှိ ချောင်း စုစုပေါင်း (၁၀၀)ဧက အတွက် ကြမ်းခင်းဈေး (၁၇၇၂၀ဝိ/-)အား ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာနေ ဦးနေဝင်း မှ လေလံဈေး (၁၈၀၀၀ဝိ/-)ဖြင့် လည်းကောင်း အသီးသီး လေလံရရှိခဲ့ကြောင်း သိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost
No comments:
Post a Comment