ငဖဲမြို့နယ်တွင် မူလတန်းပြ ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်တွင် မူလတန်းပြ ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်လှစ်



MNP - ဇွန်   ၄


 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မူလတန်းပြ ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။


 သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဦးတင်မောင်အေးက ကျောင်းသားကျောင်းသူများ ပညာရည်တိုးတက်မြင့်မားရေးအတွက် ပညာသင်ကြားပို့ချပေးကြမည့် ဆရာ၊ ဆရာမများအနေဖြင့် ယခုသင်တန်းမှသင်ကြားပေးမည့် သင်ကြားသင်ယူမှု ဆိုင်ရာ ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားသင်ယူကြရန် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းက အခြေခံပညာရေးစနစ်ကို (KG+12) အစီအစဉ်ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်ပြီး သင်ရိုးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။


အဆိုပါ မူလတန်းပြ ဆရာ၊ ဆရာမများလုပ်ငန်းခွင်အကြို ရက်တိုသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမ ၃၇ ဦး တက်ရောက်ကြပြီး နည်းပြဆရာ (၄)ဦးတို့က ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာ၊ မူလတန်းသင်ရိုးသစ်မိတ်ဆက်ခြင်း၊ ၂၁ရာစုကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းစည်းကမ်းနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ စသည့် ဘာသာရပ်များကို ဇွန်လ ၁၀ ရက်နေ့ထိ ရက်သတ္တ တစ်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မယု 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)