ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ





MNP - ဇွန်   ၉


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးမြို့ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပဲခူးမြို့မှ ဘောလုံးဝါသနာရှင်များက လာရောက်ကြည့်ရှုအားပေးကြသည်။


အဆိုပါဗိုလ်လုပွဲစဉ်တွင် လက်ပံတန်းမြို့နယ်အသင်းနှင့် ဝေါမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လက်ပံတန်းမြို့နယ်အသင်းက ဝေါမြို့နယ်အသင်းအား (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး  ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  ပွဲစဉ်တစ်လျှောက် အကောင်းဆုံးရှေ့တန်းအားကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်းကို လူမှုရေးရာဝန်ကြီး ဦးအောင်မင်းမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အလယ်တန်းအားကစားသမားဆုနှင့် အကောင်းဆုံးဂိုးသမားဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းမှလည်းကောင်း၊ စတုတ္ထဆုရရှိသောတောင်ငူမြို့နယ်အသင်းအား ငွေသားဆုကျပ်(၃)သိန်းကို စီးပွားရေးရာဝန်ကြီးဦးတင်ဦးမှလည်းကောင်း၊ တတိယဆုရရှိသော သနပ်ပင်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၅)သိန်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေမှလည်းကောင်း၊ ဒုတိယဆုရရှိသော ဝေါမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၇)သိန်းအား တိုင်းလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှလည်းကောင်း၊ ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုငွေကျပ်(၁၂)သိန်း၊ ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းနှင့် ပထမဆုရရှိသော လက်ပံတန်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ကျပ်(၁၀)သိန်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)