ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ငါးမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ ငါးမွေးမြူရေးပညာရှင်နှင့် ငါးမွေးမြူရေးတောင်သူများ၏ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ငါးမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ ငါးမွေးမြူရေးပညာရှင်နှင့် ငါးမွေးမြူရေးတောင်သူများ၏ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်အားပေး



MNP - ဇွန်   ၁၁


၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)၏ စိုက်ပျိုးရေးဒီပလိုမာ(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက် ရောက်အားပေးအမှာစကားပြောကြားသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ ခေတ်မီတိုးတက်သော စိုက်ပျိုးနည်းစနစ်များကို တောင်သူများထံ ဖြန့်ဝေပေးနိုင်သည့် အလယ်အလတ်အဆင့် စိုက်ပျိုးရေး ပညာရှင်များဖြစ်လာမည့် မောင်/မယ်များအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော ဦးတည်ချက်များတွင် စိုက်ပျိုးရေးကို အခြေခံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည် ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြမည့် နိုင်ငံသားကောင်းရတနာများ ဖြစ်လာ အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားရမည် ဖြစ်ကြောင်းနှင့် ပညာရည်ထူးချွန်သော မိမိတို့ပြည်နယ် အတွက် စိုက်ပျိုးရေးပညာရှင်များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းအားပေး ပြောကြားသည်။


ထို့နောက် ကျောင်းအုပ်ကြီးဦးမျိုးသန့်နှင့်  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာ တတိယနှစ် ကျောင်းသားတစ်ဦးတို့က ပထမနှစ်ကျောင်းသား/ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားကြပြီး ပထမနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်(၂၀၂၂)ခုနှစ်၊ ဒုတိယနှစ်သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းသား/ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပထမ နှစ်နှင့် တတိယနှစ်ကျောင်းသား/ ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာအကအလှများ၊ သရုပ် ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းနှင့် အကအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးက ထောက်ပံ့ငွေကျပ် ၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့က ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ကျင်းပသည့် World Aquaculture Society မှ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမေမြတ်နိုးလွင် (ငါးမွေးမြူရေးပညာရှင်)က ငါးမွေးမြူရေးနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ တောင်သူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အား အသိပညာဗဟုသုတများကို ဖြန့်ဝေနိုင်ရေး ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်သည်။


ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ဒေသတွင်းဆန်စပါးကို တိုးတက်ထုတ်လုပ်နိုင်ရန် အားစိုက်လုပ်ကိုင်ရန် လိုအပ်သကဲ့သို့ သားငါးများမွေးမြူခြင်းလုပ်ငန်းကိုလည်း ခေတ်နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရန် လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်သည် သဘာဝကပေးထားသော မြစ်၊ ချောင်း၊ အင်း၊ အိုင်များ ပေါကြွယ်ဝသည့်အပြင် ရေအရည်အသွေးနှင့် ရာသီဥတုကောင်းမွန်သောကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို နိုင်ငံတကာ နည်းတူ နည်းစနစ်ကျ မွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ ငါးမွေး တောင်သူများအတွက် အရှေ့တောင်အာရှတွင် လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူသည့် နည်းလမ်းများ ပြောင်းလဲကျင့်သုံးနိုင်ရေးနှင့် ကျန်စနစ်များနှင့် နှိုင်းယှဉ်လျက် အားနည်းချက်၊ အားသားချက်များကို ပညာရှင်က မျှဝေသွားမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် မိမိတို့သိလိုသည်များကို ပွင့်ပွင့်လင်းလင်းဖြင့် မေးမြန်းဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ငါးမွေးမြူရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသွားမည့် World Aquaculture Society မှ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမေမြတ်နိုးလွင် (ငါးမွေးမြူရေးပညာရှင်)၏ အထ္တုပ္ပတိအား မိတ်ဆက်တင်ပြပြီး ဒေါက်တာမေမြတ်နိုးလွင်က ငါးမွေးမြူရေးနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများတွင် လှောင်အိမ်စနစ်ဖြင့် မွေးမြူရေးစနစ်၏ အားသာချက်များနှင့် နည်းစနစ်ကျမွေးမြူနိုင်လျင် အကျိုး ဖြစ်ထွန်းနိုင်မည့် အကြောင်းအရာများကို နိုင်ငံတကာမွေးမြူရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်သုံးသပ် ဆွေးနွေးဟောပြောရာ တက်ရောက်လာကြသည့် ငါးမွေးတောင်သူများက သိလိုသည်များကို အပြန်အလှန် ပွင်းလင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးပညာရှင်နှင့် အဖွဲ့တို့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)