MNP ၊ ဇွန် ၂၈
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ မူးယစ်ဆေးဝါး နှင့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေး နှင့် မူးယစ် ဆေးဝါး နှင့်ပတ်သတ်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့ အကြောင်းအရင်းများ ၊ မူးယစ်ဆေးဝါးအမျိုးအစားများ ၊ မူးယစ် ဆေးဝါးသုံး စွဲပြီး ရုပ်ပိုင်း ဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ ၊လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ ၊ ပုဒ်မ ၊ ပြစ်မှု ၊ ပြစ်ဒဏ်များ ၊အား အသိပညာပေးဟောပြောခြင်း ၊ မောင်တော မြို့မရဲစခန်း ဒုတိယစခန်းမှူး ယာဉ်/ လမ်းစည်း ကမ်းထိန်းသိမ်းရေး တပ်ဖွဲ့စုမှ ရဲအုပ်သန့်ဇင်လင်းက ယာဉ်/လမ်း စည်းကမ်းများ နှင့် ပတ်သတ်၍ ကျောင်း သား၊ကျောင်းသူများ သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား အသိပညာပေး ဟော ပြော ပေးခဲ့ကြပြီး အမှတ်(၁) အခြေ ခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၀၀)ခန့် တက် ရောက် ခဲ့ကြကာ အသိပညာ ပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment