ဈေးနှုန်းသက်သာစွာဖြင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဈေးနှုန်းသက်သာစွာဖြင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချ


MNP ၊ ဇွန် ၁၆

“ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီ”သည် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ၊ အသင်းဝင်ကုမ္ပဏီများ စုစည်းဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့နှင့် ပူးပေါင်း၍ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီသည့် ယူရီးယားမြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ် တင်သွင်းသည့် ယူရီးယားမြေဩဇာ ၇၅၀၀၀ တန်ခန့်ကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ပြီး ဇွန် ၁၁ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုရှိ မြို့နယ် ၁၃၆ မြို့နယ်မှ အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ ကြိုက်ဝယ်စနစ်ဖြင့် လက်ငင်းငွေချေ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးမည့် ယူရီးယားမြေဩဇာများကို သက်ဆိုင်ရာ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ဝယ်ယူခွင့်လက်မှတ်များ အခမဲ့ရယူ၍ မြို့နယ်များရှိ သက်ဆိုင်ရာ အရောင်းဆိုင်များ၌ “ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီ”မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

တောင်သူများအနေဖြင့် ယူရီးယားမြေဩဇာများကို မြို့နယ်အလိုက် သတ်မှတ်ဖြန့်ဖြူး ရောင်းချသည့် အရောင်းဆိုင်များ၌ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်း မရှိလျှင်သော် လည်းကောင်း၊ သတ်မှတ် စည်းကမ်းများနှင့်ကိုက်ညီပြီး ဝယ်ယူရန် အခက်အခဲရှိခဲ့လျှင်သော် လည်းကောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖုန်း- ၀၆၇-၄၁၀၀၃၅၊ သမဝါယမဦးစီးဌာန ဖုန်း-၀၆၇-၄၁၀၀၄၀၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း-၀၆၇-၄၁၈၆၂၁ နှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများနှင့် မြို့နယ်အဆင့် ဖြန့်ဖြူးရောင်းချရေး ကော်မတီများသို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)