ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း လောကာနန္ဒာစေတီတော်ဝန်းအတွင်းနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း လောကာနန္ဒာစေတီတော်ဝန်းအတွင်းနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု







MNP ၊ ဇွန်  ၂၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ ယနေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော်ဝန်းအတွင်းနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှု အားပေးကြသည်။ 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာလှပရေးအတွက် စစ်တွေတပ်နယ်ရှိတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များဝင်များနှင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သို့ သွားရောက်ပြီး တက္ကသိုလ်ခြံဝင်းအတွင်း၌  စစ်တွေတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များဝင်များနှင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တွင် ကျောင်းသား၊ ကျောင်းသူများနေထိုင်နိုင်ရန် ပြုပြင်ဆောင်ရွက်မည့် အဆောင်များသို့ လှည့်လည်ကြည့်ရှုကြရာ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဇော်ထွန်းနှင့် တာဝန်ရှိသူများ လိုက်လံပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လောကာနန္ဒာ စေတီတော် ပရဝုဏ်အတွင်းနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့တွင် ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများရှိ အမှိုက်များအား ရှင်းလင်းခြင်း တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)