ဗုဒ္ဓဘာသာအဆင့်မြင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာအဆင့်မြင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ ကျင်းပ



MNP - ဇွန်   ၂၈


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ အဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်း ကရင်ပြင်တော်ရာဟုထောင့်ရှိ ထီးတော်ရုံတန်ဆောင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဌေးလှိုင်က သင်တန်းပြီးမြောက်အောင်မြင်မှု ဝမ်းမြောက်ကြောင်း စကားအားလည်းကောင်း၊ သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့် ပတ်သက်၍လည်းကောင်း၊ ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးဌေးလွင်က သာသနာရေးဆိုင်ရာများ အားလည်းကောင်း အသီးသီးပြောကြား ကြသည်။


ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူက သင်တန်းနည်းပြ ဆရာကြီးအား ဂါရဝပြု လက်ဆောင်အားလည်းကောင်း၊ ဆုရသင်တန်းသားများအတွက် ဆုလက်ဆောင်များအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့် ကြသည်။


ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ သင်တန်းကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓ ဘာသာယဉ်ကျေးမှု ဓလေ့ထုံးစံများ နှင့်အညီ ဆောင်ရွက်နိုင်စေရန်နှင့်  အများပြည်သူနှင့် ဆက်ဆံပြောဆို ဆက်ဆံရာတွင် ကိုယ်၊ နှုတ်၊ နှလုံးယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။


အဆိုပါ ဗုဒ္ဓဘာသာအဆင့်မြင့် ယဉ်ကျေးမှုသင်တန်း အမှတ်စဉ် (၂) အား ၂၀၂၂ ခုနှစ်၊ ဇွန် ၁၄ ရက်မှ ၂၇ ရက်ထိဖွင့်လှစ် သင်ကြးခဲ့ပြီး ယနေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခြင်းဖြစ်သည်။ သင်တန်းသို့ ရွှေတိဂုံစေတီတော်မှ ဝန်ထမ်း ၃၉ ဦး တက်ရောက် ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။


သတင်း- အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)