ကျွန်းလှမြို့နယ်မှ စာရင်းပျောက် သေဆုံးနေမှုများ (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်မှ စာရင်းပျောက် သေဆုံးနေမှုများ (အိတ်ဖွင့်ပေးစာ)


နိုင်ငံတော်တာဝန်ရှိ လူကြီးမင်းများခင်ဗျာ -

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရဲ့ အခြေအနေမှန်ကို တင်ပြလိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိ နိုင်ငံတော် အကြီးအကဲများအနေနဲ့ ကျွန်တော်တို့မြို့နယ်မှာ တာဝန်ချထားသူတွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် ကိုယ်တိုင် မှန်ကန်စွာ သုံးသပ်နိုင်စေဖို့ နဲ့ သူတို့ရဲ့ လုပ်ရပ်အပေါ် အမှန်/ အမှား ခွဲခြားနိုင်ဖို့ ဖြစ်ပါတယ်။


ကျွန်တော်တို့ မြိုကမှာ နေ့စဉ် ဒလံ၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးဆိုပြီး အသတ်ခံနေရတဲ့ လူဦးရေစာရင်း ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေမှာ လုံးဝမတွေ့ရပါဘူး။ တခြားသော မြို့နယ်များက ဖြစ်စဉ်များကို သတင်းထုတ်ပြန်ပြီး ကျွန်တော်တို့ မြို့နယ်အတွင်းမှာ PDF အကြမ်းဖက်သမား ဖမ်းသွားပြီး သတ်လိုက်လို့ သေဆုံးရသူတွေရဲ့ သတင်းက သတင်းမှန်ထုတ်ပြန်ရေးကို မရောက်တာလား။ သတင်းမှန် ထုတ်ပြန်ရေးက ကျွန်တော်တို့ ကျွန်းလှမြို့နယ် သတင်းတွေကို မထုတ်ပြန်ဘဲ ထိန်ချန်ထားတာလား။


ကျွန်တော် တွေးမိသလောက် ဒီပုံစံနဲ့သွားနေရင် တပ်ထောက်ခံသူတွေနဲ့၊ အေးချမ်းစွာနေထိုင်လိုတဲ့ပြည်သူတွေ ကျန်တော့မှာမဟုတ်ဘူး။ အခုရက်ပိုင်းဆိုရင် ကျေးရွာတွေဘက်မှာသာမကဘဲ မြို့ပေါ်ကလူတွေအထိ အစွဲခံရတာတွေ ရှိလာပြီ။ ဒီတိုင်ကြည့်နေရတယ်။ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက ဘာများလုပ်ပေးမလဲ၊ မြို့နယ်စီမံအုပ်ချုပ်ရေးက ဘာများလုပ်ပေးမလဲ လို့ ကြည့်နေရတယ်။ ဘာမှ လုပ်မပေးကြပါဘူး။


အဓိကပြောချင်တာက တရက် တရက်အသတ်ခံရတဲ့ လူတွေမနည်းဘူး။ ကျွန်တော်တို့ ကျွန်းလှက လုံခြုံရေးတာဝန်ရှိသူများ က သတင်းအမှန်မပို့ဘဲ PDF အကြမ်းဖက်သမားသတ်လို့ သေရတဲ့ စာရင်းတွေကိုတောင် ဖျောက်ဖျက်ပစ်ချင်တာလား။  ၂၁-၆-၂၀၂၂ ရက်နေ့ ကျွန်းလှမြို့နယ် လျှပ်စစ်ရုံးမှ မီတာစာရေး ဝင်းသိန်း ကို PDF အကြမ်းဖက်သမားတွေ ဖမ်းဆီးသွားတယ်။ သေသလား ရှင်သလား မသိရသေးဘူး။ ဘာမှလည်း သတင်းထုတ်ပြန်တာ မရှိဘူး။ ဖြစ်စဉ်တွေထဲက ဥပမာတစ်ခုကို ပြောပြတာပါ။


၂၀၂၁ ခုနှစ်က စပြီး ကျွန်တော်တို့ မြို့နယ်ထဲမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက နေ့စဉ်ရက်ဆက် ဆိုသလို သတ်ဖြတ်မှုတွေ ကျူးလွန်နေတာပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လူကြီးမင်းများ အနေနဲ့ ကျွန်တော်တို့ ဒေသကို အေးချမ်းတယ်လို့ ထင်နေတာလား။ နိုင်ငံတော်က တာဝန်ပေးအပ်ထားတဲ့ မြို့နယ်တာဝန်ရှိသူများဟာ သတင်းတွေကို မှန်မှန်ကန်ကန် တင်ပြခြင်း မရှိဘူးဆိုရင်တော့ လူကြီးမင်းတို့ အနေနဲ့ တည်ငြိမ်အေးချမ်းနေတယ်လို့ အထင်မှားနိုင်ပါတယ်။ တကယ်တော့ ရက်စက်စွာ အသတ်ခံရမှုတွေဟာ အခုအချိန်အထိ အဆုံးမသတ်သေးပါဘူး။


နိုင်ငံတော်အကြီးအကဲများက တာဝန်ပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ ပြည်သူများက တင်ပြတဲ့အပေါ်မှာ ယုံကြည်မှုမရှိဘူးဆိုရင် ထောက်လှမ်းရေးလွှတ်ပြီး စုံစမ်းကြည့်ပါ။ ကျွန်တော်တို့တွေမှာ PDF က ဘယ်နေ့ဝင်စွဲမလဲ ဆိုတဲ့ အကြောက်တရားနဲ့ အိပ်ရေးဝဝ မအိပ်ရတဲ့ ညပေါင်းလည်း များလှပါပြီ။


နိုင်ငံတော်အကြီးအကဲများကို အထူးတင်ပြလိုသည်မှာ NLD အစွန်းရောက်များဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်ကို အများပြည်သူသိရှိ နားလည်စေရန်၊ နိုင်ငံတကာက သိရှိနားလည်စေရန် ချပြနေခြင်း ဖြစ်တယ်ဆိုရင် လုံလောက်တဲ့ ပမာဏကို ရလောက်ပြီလို့ ယူဆပါတယ်။ ကျွန်တော်တို့ တနယ်ထဲမှ မဟုတ်ပါဘူး။ အနယ်နယ်အရပ်မှာ သံဃာတော်၊ ဆရာ/ဆရာမ၊ အခြားသောဝန်ထမ်းများ၊ အပြစ်မဲ့ ပြည်သူများ၊ ကလေးငယ်များပါ မကျန် PDF အစွန်းရောက် အကြမ်းဖက်သမားများက သတ်ဖြတ်တဲ့ ဦးရေဟာ (၃၀၀၀)ထက်မနည်းတော့ပါဘူး။ အများပြည်သူ အနေနဲ့လည်း NLD အစွန်းရောက်တွေရဲ့ သရုပ်မှန်ကို သိပါပြီ။ နိုင်ငံတကာက မသိကျိုးကျွန်ပြုနေတာကို ထည့်သွင်းစဉ်းစား နေမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူများဟာ ဒီထက်မက များစွာ သေပေးနေရအုံးမယ့် သဘောမျိုးဖြစ်နေပါတယ်။ 


နိုင်ငံတော်အကြီးအကဲများ၏ တာဝန်ပေးအပ်မှုအရ ကျွန်တော်တို့ မြို့နယ်တွင် လာရောက်တာဝန်ထမ်းဆောင်နေသူများ တကယ်အလုပ် လုပ်/မလုပ် ကျွန်တော်တို့ ပြောကာမျှဖြင့် မယုံကြည်လျှင် ထောက်လှမ်းရေးလွှတ်ပြီး မှန်ကန်စွာ စုံစမ်းပေးပါ။ သတင်းတွေကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် ပြန်လည် ထုတ်ပြန်ပေးပါ။ ကျွန်တော်တို့ ဒေသမှ အခြးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များကဲ့သို့ မဟုတ်ဘဲ PDF အကြမ်းဖက်သမားများ အလွန်အမင်းဆိုးရွားသည့် ဒေသဖြစ်သည့်အတွက် ဒေသတည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်လိုသူများကို တာဝန်ပေးသင့်ပါသည်။ ကိုယ်ကျိုးမဖက် အများပြည်သူအကျိုးကို အလေးထားသူများကို အလိုရှိပါသည်။


တဖက်မှာ အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်ပြီး အားရဝမ်းသာ သတင်းထုတ်ပြန် ပြောဆိုနေချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တည်ငြိမ်အေးချမ်းစွာ နေထိုင်သည့် ပြည်သူတစ်ဦးကို အသတ်ခံရပြီးသော်မှ အသိအမှတ်မပြုနိုင်သည့် သဘောမျိုး ဖြစ်နေပါသည်။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အပေါ်တွင် အလွန်အမင်း ကရုဏာထားသကဲ့သို့ PDF အကြမ်းဖက်သမား၏ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများကိုလည်း မျက်ကွယ်ပြုမထားသင့်ပါ။


တည်ငြိမ်အေးချမ်းမှုကို လိုလားသော ရဟန်းရှင်လူပြည်သူ ၃၀၀၀ ကျော်ကို NLD အစွန်းရောက် CRPH, NUG, PDF အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ပြီး ဖြစ်လို့ လုံလောက်တဲ့ ပမာဏကို ရရှိပြီဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများ၏ အသက်ဘေးအန္တရာယ် ကင်းရှင်းစေရန် အလို့ငှာ အစွန်းရောက် အကြမ်းဖက်များကို အမြန်ဆုံး ရှင်းလင်း ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။


တာဝန်သိ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)